စတင်ရန်

သင့် အရက်ဉာဏ်ရည်ကို အခုပဲစမ်းသပ်ကြည့်လိုက်ရအောင်။

စတင်ရန်

အရက်အ‌ကြောင်း သင်ဘယ်လောက်သိသလဲ။

အရက်မသောက်ခင်တွင် အောက်ပါတို့ကို ပြုလုပ်သင့်သည်…

အားလုံး

အရက်သောက်လျှင် အမြဲတမ်း အစာတစ်ခုခုစားပြီး ရေသောက်ပေးပါ။ အစာစားခြင်းသည် အရက်ကို အစာအိမ်တွင် ကြာကြာသိုလှောင်ထားပြီး သွေးလမ်းကြောင်းတွင်း အရက်စုပ်ယူစီးဝင်နှုန်းကို နှေးစေသည်။ ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ထိန်းထားနိုင်သည်။ သင့်အိမ်အပြန်အတွက် ကြိုတင်စီစဉ်ပါ။ အရက်သောက်ပြီး ကားမမောင်းပါနှင့်။

နောက်မေးခွန်း

သင့်အသည်းသည် အရက်ယမကာ စံတစ်ယူနစ်ကို ချေဖျက်ရန် ဘယ်လောက်ကြာသလဲ။

တစ်နာရီ

အရက်ယမကာ စံတစ်ယူနစ်ကို ချေဖျက်ရန် တစ်နာရီခန့် ကြာပါသည်။

နောက်မေးခွန်း

တရားမဝင် (သို့မဟုတ်) အတုအပ အရက်ယမကာ သောက်သုံးခြင်းကြောင့် မည်သည့်ဆိုးကျိုးများ ရှိနိုင်ပါသလဲ။

အားလုံး

တရားမဝင်အရက် ဝယ်ယူသောက်သုံးခြင်းသည် သင့်ကျန်းမာရေးကို အန္တရာယ် ပေးနိုင်သည်။ တရားမဝင်အရက်များသည် အများအားဖြင့် အရည်အသွေးညံ့ပြီး ကျန်းမာရေးစံနှုန်း၊ သန့်ရှင်းမှုစံနှုန်း မမီဘဲ ထုတ်လုပ်ထားသည်။ ထိုအရက်များသည် အစိုးရ၏ စည်းကြပ်မှုအခွန်တို့မှလည်း ကင်းလွတ်နေပြီး များသောအားဖြင့် တရားမဝင် လုပ်ငန်းများနှင့် ဆက်စပ်နေသဖြင့် တရားဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို ထိခိုက်နစ်နာစေနိုင်ပါသည်။

နောက်မေးခွန်း

ခန္ဓာကိုယ်အရွယ်အစားတူသော အမျိုးသားနှင့် အမျိုးသမီးတို့ အရက်ပမာဏအတူတူသောက်ပါက အရက်အာနိသင် အတူတူ ခံစားရမည်။

မှားပါသည်

သင်၏အသည်းသည် အရက်ကို alcohol dehydrogenase (ADH) အင်ဇိုင်းမှတစ်ဆင့် ချေဖျက်သည်။ အမျိုးသမီးများ၏ ခန္ဓာကိုယ်တွင် ADH အင်ဇိုင်း အမျိုးသားများထက် လျော့နည်းသည်။ သို့ဖြစ်၍ ပမာဏအတူတူသောက်သော်လည်း အမျိုးသမီးများသည် အရက်အာနိသင်ပိုမို ပြင်းထန်စွာ ခံစားရမည် ဖြစ်သည်။

နောက်မေးခွန်း

အရက်အမူးပြေလိုလျှင်

ဖော်ပြပါတစ်ခုမှ အမူးပြေအောင် မစွမ်းဆောင်နိုင်ပါ

အရက်အာနိသင် ခံစားလာရပြီဆိုပါက အရက် သင့်ခန္ဓာကိုယ်တွင်းမှ အလျင်အမြန် ထွက်သွားရန် လုပ်ဆောင်၍ မရပါ။ ဖော်ပြပါ နည်းလမ်းများသည် သင့်ကို ပိုမိုနိုးနိုးကြားကြားရှိစေနိုင်သော်လည်း အမူးပြေစေမည် မဟုတ်ပေ။

နောက်မေးခွန်း

ဘီယာသောက်ခြင်းသည် ဝိုင် (သို့မဟုတ်) ကော့တေးကဲ့သို့ ရောထားသော ယမကာများ သောက်သုံးခြင်းထက် ပို၍ ကျန်းမာရေးနှင့် ဆီလျော်သည်။

မှားပါသည်

ဘီယာ၊ ဝိုင်၊ အဖျော်ယမကာ စံတစ်ယူနစ်တွင် အယ်လ်ကိုဟောပမာဏ တူညီစွာ ပါရှိပါသည်။ စံတစ်ယူနစ်တွင် အယ်လ်ကိုဟော (၁၀) မှ (၁၅) မီလီလီတာ ပါရှိပါသည်။ အရက်၏ အာနိသင်သည် မည်သည့် အဖျော်ယမကာ သောက်သည်ပေါ်တွင် မမူတည်ဘဲ မည်မျှသောက်သည်ပေါ်တွင် မူတည်သည်။

နောက်မေးခွန်း

အရက်တွင် ပါဝင်သော ကယ်လိုရီလျှော့ချလိုလျှင် ဝိုင်ကိုသာ သောက်သုံးသင့်သည်။ ဘီယာနှင့် ယမကာများသည် လူကို ဝစေသည်။

မှားပါသည်

(၂၀၀) မီလီလီတာပါ ဝိုင်တစ်ခွက်တွင် ကယ်လိုရီ ပျမ်းမျှ (၂၀၀) ခန့် ပါဝင်သည်။ ယှဉ်ကြည့်ပါက ယမကာ (၂၅) မီလီလီတာတစ်ခွက်တွင် (၅၀) ကယ်လိုရီခန့် ပါဝင်ပြီး (၃၃၀) မီလီလီတာပါ ဘီယာတစ်ပုလင်းတွင် ကယ်လိုရီ (၁၅၀) ခန့် ပါဝင်သည်။ ကယ်လိုရီသည် သင်သောက်လိုသော အရက်၏ ပြင်းအား၊ သောက်သည့် ပမာဏနှင့် သင်အကြိုက် ရောထည့်သည့် အခြားပါဝင်ပစ္စည်းများပေါ်တွင် မူတည်ပါသည်။

နောက်မေးခွန်း

ကလေးငယ်များသည် မည်သို့ ချင့်ချိန်သောက်သုံးရမည်ကို နားလည်ရန် အရက်အနည်းငယ် သောက်သုံးနိုင်သည်။

မှားပါသည်

ကလေးငယ်များနှင့် အသက်မပြည့်သေးသူများ အရက်လုံးဝ မသောက်သုံးသင့်ပါ။ အသက်မပြည့်မီ အရက်သောက်ခြင်းကြောင့် ဉီးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ခြင်း၊ စိတ်ရောဂါဝေဒနာခံစားရမှု အန္တရာယ်တိုးမြင့်စေခြင်း၊ အရက်အဆိပ်သင့်ခြင်း၊ မတော်တဆထိခိုက်မှု ဖြစ်ခြင်း အစရှိသည့် ဆိုးကျိုးများစွာ ရရှိနိုင်ပါသည်။

နောက်မေးခွန်း

ကားမမောင်းခင် အရက်သောက်ခြင်းသည် အောက်ပါတို့ကို ထိခိုက်စေနိုင်သည်…

အားလုံး

အရက်မူးပြီး ကားမောင်းခြင်းသည် သင်၏ ဆုံးဖြတ်နိုင်စွမ်း၊ ညှိနှိုင်းလုပ်ဆောင်နိုင်စွမ်းနှင့် အမြင်အာရုံတို့ကို ထိခိုက်စေနိုင်၍ သင်နှင့် သင့်တန်ဖိုးထားရသူများအတွက် အကျိုးယုတ်စေနိုင်ပါသည်။ ထို့ကြောင့် အန္တရာယ်ကင်းပါစေ။ မူးလျှင် မမောင်းပါနှင့်။ ဖော်ပြပါ အချက်ကို သိရှိပြီးနောက် သင်သည် အရက်သောက်ထားလျှင် ကားမမောင်းရန် ပိုမိုဆင်ခြင်မည်လား။

ဆင်ခြင်မည်။ မသေချာပါ။

ဘယ်အရာက အရက် (အယ်လ်ကိုဟော) အများဆုံး ပါဝင်သလဲ။

အားလုံးအတူတူပါသည်

ယမကာ၊ ဘီယာ၊ ဝိုင်စံတစ်ယူနစ်တွင် အယ်လ်ကိုဟော ပမာဏ အတူတူ ပါဝင်သည်။ စံတစ်ယူနစ်တွင် အယ်လ်ကိုဟော (၁၀) ဂရမ်ခန့် ပါဝင်သည်။ သို့ဖြစ်၍ အရက်၏ အာနိသင်သည် မည်သည့် အဖျော်ယမကာ သောက်သည်ပေါ်တွင် မမူတည်ဘဲ မည်မျှသောက်သည်ပေါ်တွင် မူတည်သည်။

နောက်မေးခွန်း

ယခု အရက်နှင့် အရက်၏ခန္ဓာကိုယ်အပေါ်တွင် သက်ရောက်နိုင်သည့် အာနိသင်အကြောင်းကို သင်ပိုသိသွားသည်ဟု ထင်ပါသလား။

ပဟေဠိကို ပြန်လည်ဖြေဆိုလိုပါသလား။

စစ်တမ်းကို အမှတ်ပေးရန်

သင့်အတွေးအမြင်

မေးခွန်းများ ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းသည်ဟု ထင်ပါသလဲ။
အတည်ပြုရန်

ပဟေဠိကို ပြန်လည်ဖြေဆိုလိုပါသလား။